cropped-cropped-photo_2023-06-06_13-49-23.jpg

SOFTWARE DEVELOPMENT

အောက်ပါဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးနေပါသည်။

Programming Languages

Programming languages အမျိုးမျိုးတို့ကို လက်တွေ့ လုပ်ငန်းခွင်တွင် ကောင်းမွန်စာ အသုံးချနိုင်စေရန် အခြေခံကောင်းများကို အောက်ပါအတိုင်း သင်ကြားပေးသည်။

- Programming အခြေခံ အနေဖြင့် C++ ကို Logical Thinking ကို အခြေခံ၍ စနစ်တကျသင်ကြားပေးပါသည်။

- Program ၏ အဓိက Foundation ဖြစ်သော Data Structure နှင့် Algorithm များနှင့် ချိတ်ဆက်သင်ကြားပေးပါသည်။

- အဆင့်မြင့် Program များရေးသားနိုင်ရန်အတွက် Java, C#, Python languages များကိုလည်း ဆက်လက်သင်ကြားပေးသည်။

- Web Programming အတွက် မဖြစ်မနေသိရမည့် HTML, CSS, JavaScript languages များကိုလည်း သင်ကြားလေ့ကျင့်ပေးသည်။

- Server Site, Backend developing အတွက် PHP language ကိုလည်း ထည့်သွင်းသင်ကြားပေးသည်။

Project Management

IT နည်းပညာဆိုင်ရာ Project များကို စီမံခန့်ခွဲခြင်း၏ အခြေခံမူများနှင့် အလေ့အကျင့်များအပေါ် အခြေခံ၍ အောက်ပါအတိုင်း သင်ကြားပေးသည်။

- Objective and Concept of Project Management

- Project Management Implementation Method

- Project Scope, Time, Cost, Quality, Risk Management

- Project Procurement Management

- Project Stakeholder Management

- Project Integration Management

Data Structure & Algorithms

Software programm အမျိုးမျိုး ဖန်တီးရာတွင် အခြေခံမှစ၍ AI နည်းပညာအထိ Data Structure နှင့် Algorithms များကို မဖြစ်မနေ သိကျွမ်းနားလည်ရမည်ဖြစ်သည်။

- Data structure ၏ အခြေခံများအဖြစ် Array, Array, Stack & Queue, Tree Structure များကို သင်ကြားပေးသည်။

- Algorithm ၏ အခြေခံများအဖြစ် Flowchart, Data Search & Sorting, Several Algorithms, Algorithm Design တို့နှင့် ချိတ်ဆက်သင်ကြားပေးသည်။

- နားလည်၊ တတ်မြောက်နိုင်ရန်အတွက် Program များ၏ Blueprint ဖြစ်သော Pseudocode ရေးသားပုံကိုလည်း အခြေခံမှစ၍ သင်ကြားပေးသည်။

Database

Software အမျိုးမျိုးရေးသားရာတွင် အချက်အလက်များသိမ်းဆည်း၊ လုပ်ဆောင်နိုင်ရန် Database သည် မဖြစ်မနေ သိရမည့် ဘာသာရပ်တစ်ခုဖြစ်သည်။

- Database တစ်ခုတည်ဆောက်ရာတွင် သိရမည့် Data Analysis, Define Entities and Attributes, Establish Relationship, Create an ER Diagram, Define Primary Keys & Foreign Keys စသည်တို့ကို သင်ကြားပေးသည်။

- Database Administrator (DBA) တစ်ယောက်အနေဖြင့် တတ်မြောက်ရမည့် Code Design, Data Normalization, Database Schema ရေးဆွဲနည်းများကိုလည်း ထည့်သွင်းသင်ကြားပေးသည်။

- Database ကို စီမံခန့်ခွဲနိုင်စေရန် Database Management System (DBMS) ကိုလည်း နားလည်တတ်မြောက်စေရန် Oracle Database System သုံး၍ သင်ကြားပေးသည်။

- Data Definition & Manipulation အတွက် Structured Query Language (SQL) ကိုလည်း အသေးစိတ်သင်ကြားပေးသည်။

Software Engineering 

Software Engineer အလုပ်အကိုင်အတွက် တတ်မြောက်ရမည့် ဘာသာရပ်ဖြစ်သည်။ Software Engineer တစ်ယောက်အနေဖြင့် အထက်ပါ ပညာရပ်များအပြင်၊ ထပ်မံ သိရှိ၊ တတ်မြောက်ရမည့် အောက်ပါ ဘာသာရပ်များကိုလည်း သင်ကြားပေးနေပါသည်။

- System Development Process

- Software Implementation Process

- Maintenance and Disposal Process

- Software Development Method

- Software Design & Development Techniques

- Intellectual Property Application Management

- Development Environment Management

- Configuration Management and Change Control

Scroll to Top