About Us

ကုမ္ပဏီဖြတ်သန်းမှုသမိုင်း

Compu Tech Computer Training and Servicing Co., Ltd ကုမ္ပဏီကို ၁၉၉၃ ခုနှစ်ကတည်းက စတင်တည်ထောင်လုပ်ကိုင်ခဲ့ပြီး၊ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ကုမ္ပဏီမှတ်ပုံတင်အမှတ်(၁၄၇၉) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ယခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်ပုံတင် အမှတ်အသစ် (၁၁၀၉၅၄၃၅၂) နှင့် ရန်ကုန်တိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင် မှတ်ပုံတင်အမှတ် (၈၆) ဖြင့်လုပ်ငန်းများ လည်ပတ်ဆောင်ရွက် လုပ်ကိုင်လျက်ရှိပါသည်။

ကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် Compu Tech ၏ ICT ဝန်ဆောင်မှုများနှင့် နည်းပညာသင်တန်းများကို တစ်ခုစီခွဲထုတ်ခဲ့ပြီး CompuTech ICT College အမည်ဖြင့် ဂျပန်နိုင်ငံနှင့် အာဆီယံ (၇) နိုင်ငံအသိအမှတ်ပြု ITPEC သင်တန်းများ၊ အခြားသော နိုင်ငံတကာ အသိအမှတ်ပြု နည်းပညာ Certificate သင်တန်းများ၊ IGCSE သင်တန်းများ၊ Hospitality Front Office Management သင်တန်းများ၊ ပြည်တွင်း/ပြည်ပ ဒီပလိုမာ သင်တန်းများ၊ ဘာသာစကားသင်တန်းများနှင့် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်သော ရုံးလုပ်ငန်းဆိုင်ရာ၊ အသိပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

ICT နှင့် ပတ်သက်သော ဝန်ဆောင်မှုများ (ICT System Integration) ဖြစ်သည့် Network Infrastructures၊ Network Security, Extra Low Voltage (ELV) Solutions, IT Consulting Services, Hospitality Full Solutions, Data Center Facilities Solutions, Enterprise Solutions (Computing, Servers and Peripherals), AI & IoT Solutions, Surveillance System Solutions နှင့် Data Recovery & Backup Solutions များကို ပြည်တွင်း/ပြည်ပ နည်းပညာရှင်၊ အတတ်ပညာရှင်များဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်လျက်ရှိပါသည်။

Compu Tech Computer Training and Servicing Co., Ltd ၏ မိတ်ဖက် ကုမ္ပဏီများမှာ Compumatics Technology Limited (Distributor of Teltonika, Blue Traker, Iridium Networks) ၊ UniqueHMS Co., Ltd (Distributor of EasyFO and Plasma Virus Cleaner), ZANDO Technology Co., Ltd (Retail Mall Management Systems Development), EasyFO Hotel Management Company Limited (Thailand) – (EasyFO Software Development Company) နှင့် Ahtar Oo Co., Ltd.(IT Solutions Co., Ltd) တို့ဖြစ်ပြီး နည်းပညာများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီ၏ တန်ဖိုးထားရှိမှုသည် သစ္စာရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ ထူးချွန်စွာ အကောင်းဆုံးဆောင်ရွက်နိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း အစရှိသည့် လူမှုကျင့်ဝတ် စည်းကမ်းများကို လေးစား လိုက်နာတန်ဖိုးထားခြင်း ဖြစ်ပါသည်။

Company Milestones

1993

Founded (Start up IT Training and Desktop Publishing)

1994

Novell Netware Certification Training Center in Myanmar (World Wide Certification)

1995

Personal Computer Upgrading Service (486 DX/DX2/DX4 and Pentium Series)

1996

Officially Registered in DICA (Reg. No. 110954352) - Local Area Network Project in Trader Hotel

1997

MicroSoft Windows NT 4.0 Certification Training Center in Myanmar (World Wide Certification)

1998

Computing Technology Industry Association (CompuTIA) Certification Training Center in Myanmar

1999

Cisco Networking Academy Certification Training Center in Myanmar (World Wide Certification)

2000

Y2K Problem Solution for all Government and Local Company Sector

2002

First Wire and Wireless Project in Monywa Copper Mine Project (Ivanhoe Mines)

2003

Online Exam Center with Myanmar Inspirations Co. Ltd.

2004

MicroSoft Windows Certification Training (World Wide MCSA, MCSD, MCSE Certification)

2006

Local Banking Network Communication Infrastructure Project for All Myanmar Citizen Bank

2008

Windows Server 2003 Cluster Nodes (Active Directory) Project in Yangon University

2010

The KOICA Scholarship Program Project in Yangon University

2012

Corporate Training (CompTIA A+/ Network+/ Security+) for all United Nation (UN) Organizations

2014

Network Communication Infrastructure Project for All ICRC Head Office and Regional Branch

2016

Network Communication Infrastructure Project in Public Health University

2017

Virtual Desktop Infrastructure (VDI) Education Project in Mandalay Obo Prison

2018


Expanded to Vocational Training (ITPEC Japan Exam and Other)

2019

Smart and Safe Video Surveillance (CCTV) Infrastructure Project in Mann Shwe Set Taw Pagoda

2020

CBN Net2 Infrastructure Project in Myanmar Investment and Commercial Bank (MICB)

2021

National Health Care System Infrastructure Project in New Yangon Hospital

2024

Management and Capacity Building Training Jointly Opened with The Coaching Firm

2025

Uplift to Education Sector and Bridging to IT Industry

ICT နှင့် ပတ်သက်သော ဝန်ဆောင်မှုများ

အောက်ပါ ICT System Integration များကို ပြည်တွင်း/ပြည်ပ နည်းပညာရှင်၊ အတတ်ပညာရှင်များဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်လျက်ရှိပါသည်။

Our Mission

ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်

Compu Tech Computer Training and Servicing Co., Ltd အနေဖြင့် Comp Tech ICT College ကျောင်းအဖြစ် သီးခြားတည်ထောင် ဖွင့်လှစ်ရသည့် ရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များ သို့မဟုတ် ပညာသင်ယူလိုသူများကို စာပေ၊ အသိ၊ အတတ်၊ အလုပ် ပညာရပ်များကို သင်ယူတတ်မြောက်ရယူနိုင်ရန်၊ စဉ်းစား ဆင်ခြင် တွေးခေါ် သုံးသပ်တတ်စေရန်နှင့် လူမှုပတ်ဝန်းကျင် နေထိုင်ပြောဆို လုပ်ကိုင်ဆောင်ရွက်မှုများကို လူ့ကျင့်ဝတ်များနှင့်အညီ ဘဝတစ်လျှောက် ကောင်းမွန်သော ဖြတ်သန်းမှုများ ရယူနိုင်ရန် ဖြစ်ပါသည်။

ကျောင်း၏ ရည်ရွယ်ချက် အမြင်

Comp Tech ICT College ကျောင်းအဖြစ် သီးသန့် တည်ထောင်ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အမြင်သည် မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပညာသင်ယူရသည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်များအားလုံး စာတတ်၊ ပညာတတ်၊ စဉ်းစားဆင်ခြင်တွေးခေါ်သုံးသပ်တတ်ပြီး လူမှုကျင့်ဝတ်ကောင်းများနှင့်အညီ လိုက်နာကျင့်ကြံနိုင်သော လူကောင်းလူတော်များ အစဉ်တစိုက်မွေးထုတ် ပြုစု ပျိုးထောင်ရန် ရည်ရွယ်ချက်အမြင် ထားရှိဆောင်ရွက်လျက်ရှိပါသည်။

Our Vision

Our Goals

Train skilled youth, inspire leaders, and make a real difference in society.

Goal 1

To develop skilled, ethical, and socially responsible youth ready for global challenges..

Goal 2

To achieve a high standard of academic, technical, and personal excellence

Goal 3

To contribute positively to communities through innovation, leadership, and service

ကုမ္ပဏီ၏ အလေးထားဆောင်ရွက်မှု

ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ကျောင်း၏ ရည်ရွယ်ချက်အမြင်များ အောင်မြင်ပြီးမြောက်နိုင်ရန် တာဝန်ယူ ဆောင်ရွက်လုပ်ကိုင်ရသော တာဝန်ရှိ ကျောင်းအုပ်ချုပ်ထောက်ပံ့ရေးအဖွဲ့ဝင်အားလုံးသည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သင်ကြားနိုင်သော ဆရာ၊ ဆရာမများအား တာဝန်ပေးသင်ကြားခြင်း၊ ကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို သဘောပေါက်နားလည်အောင် ရှင်းပြကြပ်မတ်မှုများဆောင်ရွက်ခြင်း၊ အရည်အချင်း စစ်ဆေးမှုများကို သေချာကြပ်မတ် ဆောင်ရွက်ခြင်း၊ ကျောင်းသား/သူများ၏ လိုအပ်ချက်များကို သေချာ စိစစ်ဆောင်ရွက်ခြင်း၊ စဉ်းစားဆင်ခြင် တွေးခေါ်သုံးသပ်တတ်မှုနှင့်လူမှုပတ်ဝန်းကျင် ပြောဆိုနေထိုင် လုပ်ကိုင်ဆောင်ရွက်မှုများအတွက် EQ/AQ/SQ သင်ကြားခြင်း၊ ကျောင်းသား/သူများအချင်းချင်း နားလည်အောင် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ကျောင်းနှင့် ပြင်ပ လူမှုပတ်ဝန်းကျင် လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ လုပ်ငန်းခွင် လေ့လာမှုများတွင် စနစ်တကျ စီမံချက်များ ချမှတ် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခြင်းများကို ပံ့ပိုးကူညီပေးလျက် ရှိပါသည်။

Our Partnership